No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရဲတပ်ဖွဲ့ကို တရားစွဲထားတဲ့ ကိုအောင်ကြီးအမှု ရက်ပေါင်း ၅၄၀ အတွင်းအပြီးစစ်ဆေးမယ် ဇန်နဝါရီ - ၁၅ ၊၂၀၂၁ ဗစ်တိုးရီးယားအမှုမှာ မှားယွင်းဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်ကြီးက ရဲတပ်ဖွဲ့ဆီကနေ နစ်နာကြေး ကျပ်သိန်းငါးထောင်ရလိုမှုနဲ့ တရားစွဲဆိုတာကို ရက်ပေါင်း ၅၄၀ အတွင်း အပြီး စစ်မယ်လို့ သိရပါတယ်။ ဒီကနေ့ ရုံးချန်းကိုတော့ ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့ကိုယ်စားရဲမှူးကြီး ဝင်းမြင့်လာရောက်ခဲ့ပါတယ်။ အဲဒီနောက် တရားလို ကိုအောင်ကြီးနဲ့ ရဲမှူးကြီးဝင်းမြင့်တို့ဟာ တရားရုံးညှိနှိုင်းရေးအရာရှိဆီ သွားပေမယ့် နှစ်ဖက်လုံးက ညှိနှိုင်းတာမရှိတဲ့အတွက် ဥပဒေအတိုင်းသာဆက်သွားကြမယ်လို့သိရပါတယ်။ တရားလို ကိုအောင်ကြီးရဲ့ ရှေ့နေ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ဒီနေ့ ရုံးချိန်းအခြေအနေကို ရှင်းပြပါတယ ဒီ အမှုကို ရက်ပေါင်း ၅၄၀ အတွင်းအပြီးစစ်မယ်ဆိုပေမယ့်တစ်ခါတစ်ရံမှာမူလရုံးက စစ်လိုက်တဲ့စာရွက်စာတမ်းတစ်ခု တင်သွင်းဖို့ သင့်၊ မသင့် ပြဿနာပေါ်လို့ တရားလွှတ်တော်ချု ပ်အထိတက်ရရင် ဒီထက်ကြာမြင့်နိုင်တယ်လို့လည်း ဦးခင်မောင်ဇော်က ပြောပါတယ်။ နေပြည်တော် က Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ဗစ်တိုးရီးယား ကလေးငယ် မဖွယ်မရာပြုကျင့်ခံရတဲ့အမှုမှာ ကိုအောင်ကြီးဟာ သံသယ ရှိခံရပြီး ခြောက်လနီးပါး အချုပ်နဲ့ တရားရင်ဆိုင် ခဲ့ရတာပါ။ အဲဒီနောက် တရားရုံးက စစ်ဆေးချက်တွေအရ ကိုအောင်ကြီးဟာ ပြစ်မှု ကျုးလွန်ကြောင်းမထင်ရှာ းတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကို တရားစွဲဆိုတာဟာ ငွေကြေးရလိုမှုကြောင့်မဟုတ်တဲ့အပြင် မှားယွင်းဖမ်းဆီးခံရတဲ့အတွက် ဂုဏ်သိက္ခာ ၊ ကိုယ့်ကျင့်တရား ထိခိုက်နစ်နာလို့ မညှိနှိုင်းတာလည်းဖြစ်တယ်လို့ ကိုအောင်ကြီးက ဆိုပါတယ်။ အမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကတော့ ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်ကို ခရိုင်ဥပဒေရုံးကိုအကူအညီတောင်း မယ်ဆိုတာ သိရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ နောက်ရုံးချိန်းကိုတော့ လာမယ့်ဖေဖော်ဝါရီလ ၁၁ ရက်မှာ ခေါ်ယူထားတယ်လို့သိရပါတယ်။ ရုပ်သံသတင်းထောက် - ဝင်းကိုကိုလတ်