No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တရုတ်ထုတ်ဆိုင်နိုဗက်ကာကွယ်ဆေး ဒို့စ် ၁ သန်းထိုင်းကိုထပ်ရောက် ၂၅ ရက်နေ့ကစထိုးနှံပေးသွားမည်ဟုဆို ၂၀၂၁ ဇွန်လ ၂၀ ရက်နေ့က တရုတ်ကတင်ပို့လိုက်တဲ့ ဆိုင်နိုဗက်ကိုဗစ်ကာကွယ်ဆေး ဒို့စ်ပေါင်း ၁ သန်းကျော် သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။ ပထမအသုတ်ကိုထိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် TG8669 ဖြင့်တင်ပို့လိုက်တာဖြစ်ပြီး ထိုင်းစံတော်ချိန် ၉.၀၃ မိနစ်အချိန် မှာ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယအသုတ်ကိုတော့ ထိုင်းလေကြောင်းလိုင်းခရီးစဉ်အမှတ် TG675 ဖြင့်တင်ပို့လိုက်တာဖြစ်ပြီး ထိုင်းစံတော်ချိန် ၁၀.၀၄ မိနစ်မှာ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။ ကာကွယ်ဆေး ဒို့စ်ပေါင်း ၁ သန်းကို ခရီးစဉ်တစ်ခုမှာ ဒို့စ် ၅ သိန်း စီခွဲပို့လိုက်တာဖြစ်ပါတယ်။ ဆိုက်ရောက်လာပြီးဖြစ်တဲ့ ကာကွယ်ဆေးတွေကို ထိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ ဇွန်လ ၂၁-၂၂ ရက်အတွင်း အာနိသင်စစ်ဆေးဦး မှာဖြစ်ပြီး ဇွန်လ ၂၅ ရက်နေ့ကစလို့ ဒုတိယအကြိမ် တစ်နိုင်ငံလုံးအတိုင်းအတာ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဝင်းထက် - MML #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #WinHtetMML Credit: