
အာဆီယံအဖွဲ့ကို အလိုမရှိကြောင်း မော်လမြိုင်ပြည်သူတွေ ဆန္ဒပြ DVB မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူတွေဟာ ဇွန်လ ၆ ရက်နေ့မှာ တရုတ်ဩဇာခံ အာဆီယံအဖွဲ့ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူတွေကတော့ မြန်မာနိုင်ငံအရေးကို အာဆီယံက အချိန်ဆွဲနေပြီး အကြမ်းဖက် စစ်ကောင်စီကို ကူညီနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဆီယံဟာ တရုတ်ရဲ့ ဩဇာခံသက်သက်သာ ဖြစ်နေတဲ့အတွက်ကြောင့် အာဆီယံရဲ့ လုပ်ဆောင်မှုတွေကို အသိမှတ်မပြုဘူးလို့ ပြောပါတယ်။ #DVB #News #မော်လမြိုင် #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #LessTalkMoreActionsASEAN Credit: