No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သမ္မတရုံးဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် (၅/၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်) ================= #CRPH CDM ဆောင်ရွက်ချက်နှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း။ (၁) CDM (Civil Disobedience Movement) သည် စစ်အာဏာရှင်ဖြုတ်ချရေးတွင် အထူးပင်ထိရောက် သော လက်နက်တစ်ခုအဖြစ် အောင်မြင်လျက်ရှိပါသည်။ (၂) ယနေ့ မတ်လ (၃၁) ရက် ည (၁၂) နာရီ အချိန်သည် CDM ပြုလုပ်မည့်သူများ CDM ပြုလုပ်နိုင်ရန် နောက်ဆုံးသတ်မှတ်ထားသောအချိန် ဖြစ်သည်။ (၃) ဧပြီလ ပထမပတ်အတွင်း ညီညွတ်သော ပြည်သူ့အစိုးရ ပေါ်ပေါက်လာမည် ဖြစ်ပါသည်။ (၄) စစ်အာဏာရှင်၏ အောက်တွင် အလုပ်မလုပ်လိုသဖြင့် အလုပ်ထွက်လာသူ၊ နှုတ်ထွက်စာတင်ပြီး အလုပ် ဆက်မလုပ်သူများကိုလည်း CDM အဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။ (၅) ပြည်သူ့အစိုးရ ပေါ်ပေါက်လာချိန်တွင် စစ်အာဏာရှင်နှင့် ဆက်လက်ပူးပေါင်းနေသူများ၊ စစ်အာဏာရှင်၏ အစေခံများ၊ CDM မပြုလုပ်သူများသည် ပြည်သူ့အစိုးရကို ဆန့်ကျင်ပုန်ကန်သူများအဖြစ် မှတ်ယူမည်ဖြစ်သည်။ (၆) အဆိုပါ CDM မပြုလုပ်သူများ၊ စစ်အာဏာရှင်၏ လက်ပါးစေများ၊ စစ်အာဏာရှင်၏ လက်ကိုင်တုတ်များ၊ စစ်အာဏာရှင်နှင့် ပူးပေါင်းသူများကို ပြည်သူ့အစိုးရ သက်ဆိုင်ရာဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ပြင်းထန် စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ (၇) ဒေသဆိုင်ရာ CDM အောင်မြင်ရေးအဖွဲ့အနေဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ မျှဝေသည် Myatlinmg Credit: