
ပုသိမ်မှာ စစ်အစိုးရ ဆန့်ကျင်သူကို အာဏာပိုင်တွေခေါ်သတိပေး ~~~~~ စစ်တပ်က အာဏာသိမ်းပြီးနောက်တစ်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်းမှာ ဧရာဝတီလူငယ်ကွန်ယက်ရုံး နေအိမ်ခြံဝန်းအတွင်း စစ်တပ်ကို ဆဲရေးတိုင်းထွာတဲ့ စာသားတွေနဲ့ ဖယောင်းတိုင်မီးထွန်းပုံဖော် ဆန္ဒပြတဲ့သူကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က ဒီနေ့မနက်ပိုင်းမှာ ခေါ်သတိပေးခဲ့ပါတယ်။ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ နဲ့ ဌာနဆိုင်ရာတွေက ခေါ်တွေ့ပြီး သတိပေးခဲ့တာလို့ ဆန္ဒပြခဲ့သူ စိန်နန်းကြည်က ပြောပါတယ်။ ခေါ်တွေ့ပြီးတော့ ဘာကြောင့် ဒီလိုလုပ်တာလဲမေးတယ်၊ ကိုယ့်ရင်ထဲမှာ ကိုယ်ရှိတဲ့အတိုင်း အာဏာရှင်စနစ်ဆိုရင် မကြိုက်တဲ့ အကြောင်း ကိုယ့်ဟာကိုယ် ခြံထဲမှာ တံခါးပိတ်ပြီးတော့ ဖယောင်းတိုင် မီးထွန်းတယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ လူစုလူဝေးလည်း မလုပ်ဘူး။ သူတို့က ဖယောင်းတိုင်ထွန်းတဲ့ညမှာ လူစုလူဝေး အများကြီးရှိတယ်လို့ တင်တာ၊ တကယ်တော့ ဘယ်သူမှမရှိဘူး အိမ်ကိုလည်း တံခါးပိတ်ထားပြီးသား၊ ဒါကိုသူတို့က တာဝန်အရ ခေါ်ဆွေးနွေးတာတဲ့၊ လုပ်ပါလို့လည်းမပြောဘူး၊ မလုပ်နဲ့လို့လည်း မပြောဘူး" လို့ စိန်နန်းကြည်က ပြောပါတယ်။ ဧရာဝတီလူငယ်ကွန်ယက် တာဝန်ခံ စိန်နန်းကြည်ဟာ ကွန်ယက်ရုံးရဲ့ နေအိမ်ခြံဝန်းအတွင်းမှာ စစ်အစိုးရရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဆဲရေးတိုင်းထွာတဲ့ အင်္ဂလိပ်စာသားကို ဖယောင်းတိုင်မီးထွန်းပုံဖော်ပြီး ဆန္ဒပြခဲ့တာပါ။ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ကျနော်တို့ ဒီက ဖြေလျော့ရေးအဖွဲ့နဲ့ ခေါ်ပြောတာပေါ့။ ခေါ်ပြီး အသိပေးတာပေါ့။ နောက်မလုပ်ဖို့ ပေါ့။ တည်ငြိမ်အောင်လို့ ညှိနှိုင်းဆောင်ရွက်တာပါ" လို့ပြောပါတယ်။ အဲ့ဒီလှုပ်ရှားမှုအတွက် ခေါ်ယူသတိပေးတာကို သိရှိကြောင်း လက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ဆန္ဒပြသူ စိန်နန်းကြည် ကပြောပါတယ်။ (unicode) --------------------- ပုသိမ်မှာ စစ်အစိုးရ ဆန့်ကျင်သူကို အာဏာပိုင်တွေခေါ်သတိပေး ~~~~~ စစ်တပ်က အာဏာသိမ်းပြီးနောက်တစ်နေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်းမှာ ဧရာဝတီလူငယ်ကွန်ယက်ရုံး နေအိမ်ခြံဝန်းအတွင်း စစ်တပ်ကို ဆဲရေးတိုင်းထွာတဲ့ စာသားတွေနဲ့ ဖယောင်းတိုင်မီးထွန်းပုံဖော် ဆန္ဒပြတဲ့သူကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ က ဒီနေ့မနက်ပိုင်းမှာ ခေါ်သတိပေးခဲ့ပါတယ်။ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ နဲ့ ဌာနဆိုင်ရာတွေက ခေါ်တွေ့ပြီး သတိပေးခဲ့တာလို့ ဆန္ဒပြခဲ့သူ စိန်နန်းကြည်က ပြောပါတယ်။ ခေါ်တွေ့ပြီးတော့ ဘာကြောင့် ဒီလိုလုပ်တာလဲမေးတယ်၊ ကိုယ့်ရင်ထဲမှာ ကိုယ်ရှိတဲ့အတိုင်း အာဏာရှင်စနစ်ဆိုရင် မကြိုက်တဲ့ အကြောင်း ကိုယ့်ဟာကိုယ် ခြံထဲမှာ တံခါးပိတ်ပြီးတော့ ဖယောင်းတိုင် မီးထွန်းတယ်။ ဘယ်သူ့ကိုမှ မထိခိုက်ဘူး။ လူစုလူဝေးလည်း မလုပ်ဘူး။ သူတို့က ဖယောင်းတိုင်ထွန်းတဲ့ညမှာ လူစုလူဝေး အများကြီးရှိတယ်လို့ တင်တာ၊ တကယ်တော့ ဘယ်သူမှမရှိဘူး အိမ်ကိုလည်း တံခါးပိတ်ထားပြီးသား၊ ဒါကိုသူတို့က တာဝန်အရ ခေါ်ဆွေးနွေးတာတဲ့၊ လုပ်ပါလို့လည်းမပြောဘူး၊ မလုပ်နဲ့လို့လည်း မပြောဘူး" လို့ စိန်နန်းကြည်က ပြောပါတယ်။ ဧရာဝတီလူငယ်ကွန်ယက် တာဝန်ခံ စိန်နန်းကြည်ဟာ ကွန်ယက်ရုံးရဲ့ နေအိမ်ခြံဝန်းအတွင်းမှာ စစ်အစိုးရရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဆဲရေးတိုင်းထွာတဲ့ အင်္ဂလိပ်စာသားကို ဖယောင်းတိုင်မီးထွန်းပုံဖော်ပြီး ဆန္ဒပြခဲ့တာပါ။ ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ကျနော်တို့ ဒီက ဖြေလျော့ရေးအဖွဲ့နဲ့ ခေါ်ပြောတာပေါ့။ ခေါ်ပြီး အသိပေးတာပေါ့။ နောက်မလုပ်ဖို့ ပေါ့။ တည်ငြိမ်အောင်လို့ ညှိနှိုင်းဆောင်ရွက်တာပါ" လို့ပြောပါတယ်။ အဲ့ဒီလှုပ်ရှားမှုအတွက် ခေါ်ယူသတိပေးတာကို သိရှိကြောင်း လက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ဆန္ဒပြသူ စိန်နန်းကြည် ကပြောပါတယ်။ (zawgyi)