
Breaking News- တောင်ကြီးတွင် ပြည်သူ ၂ ဦးကျဆုံး၊ အလောင်း စစ်တပ်က လုသွား ရန်ကုန်၊ မတ် ၂၅ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကံသာရပ်ကွက်ဘတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ပြည်သူ ၂ ဦး ကျဆုံးကြောင်း တောင်ကြီး ဒေသခံများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ပြောဆိုသည်။ "၂ ဦးလုံး လူငယ်လေးတွေ။ ၁ ဦးက ခေါင်းထိတယ်။ ၁ ဦးက ရင်ဘတ်ထိတယ်။ ၂ ဦးကျတယ်။ ကံသာက ကောင်လေး အလောင်း စစ်တပ်က ပြန်မပေးဘဲ လုသွားတယ်။ တောင်ကြီးမြို့လယ်ခေါင် ဆောက်လက်စ တိုက်အပေါ်မှာ စနိုက်ပါတွေ နေရာယူထားတာ မြင်ရပါတယ်"ဟု တောင်ကြီးဒေသခံကဆိုသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက တောင်ကြီးမြို့ကို အင်အားအလုံးအရင်းဖြင့် ဝင်စီး ရမ်းကား ပစ်ခတ်နေသည်ဟု သိရှိရသည်။ Photo credit kTM Credit: