No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြိတ်မြို့မှာ ဆက်တိုက်ပစ်ခတ်နေ၊ လေးဦးသေဆုံး ~~~~~~ ■တနင်္သာရီတိုင်း မြိတ်မြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ဆက်တိုက် ပစ်ခတ်ဖြိုခွဲနေတာကြောင့် သေဆုံးသူ လေးဦးထိ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ကိုမင်းမြတ်ပိုင်ဟာ ဦးခေါင်းမှာ သေနတ်ကျည်ဆံထိမှန်ပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ညီဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာရေးထားပါတယ်။ အသက် ၃၂ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ လာအီစာဘီလည်း ဒီနေ့သေဆုံးသွားတယ်လို့ မြိတ်ပစ်ခတ်ဖြိုခွဲမှု သတင်းတွေကို စုစည်းဖော်ပြနေတဲ့ မြိတ်သတင်းစုစည်းမှု စာမျက်နှာမှာ အတည်ပြုရေးထားပါတယ်။ သေဆုံးသူမှာ ကလေးငယ်သုံးဦး ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် သေဆုံးသူ နှစ်ဦးဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒီကနေ့ မြိတ်မြို့က ပစ်ခတ်မှုမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ မီးသတ်တပ်ဖွဲ့ပိုင် လူနာယာဉ်ပေါ်ကနေ လိုက်လံပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံနဲ့ တကွရေးသားဖော်ပြနေကြပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူနာတင်ယာဉ်တွေကို သိမ်းယူခဲ့ပြီးတော့၊ အဲ့ဒီလူနာတင်ယာဉ်တွေပေါ်ကနေ လိုက်လံပစ်ခတ်နေတာလို့ လူနာတင်ယာဉ် အလှူရှင်တစ်ဦးရဲ့ ပြောကြားချက်ကို Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။ ဒီနေ့ မြိတ်မြို့မှာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီး ကျောင်းသားလူငယ်တွေလည်း ဖမ်းခံရပါတယ်။ ဒဏ်ရာရသူနဲ့ ဖမ်းခံရသူတွေကို အတည်ပြုနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒီကနေ့ ညနေ ၅ နာရီအထိ မြို့တွင်းမှာ ဆက်တိုက်ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Credit: