No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

သီပေါ ဆွန်လုံရွာ တိုက်ပွဲကြောင့် ထွက်ပြေးရသူ လေးရာကျော်ရှိ ~~~~~~ ■ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ဆွန်လုံကျေးရွာမှာ ဒီမနက် ကိုးနာရီက ကျေးရွာအနီးနဲ့ ကျေးရွာအတွင်းကို လက်နက်ကြီးတွေ ကျခဲ့ပြီး ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ကျေးရွာသားတွေက RFA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ရက်‌နေ့တည်းက သီပေါမြို့နယ် ပန်ခါးရွာအနီးမှာ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSSတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်ခါး၊ ဆွန်လုံ၊ ချောင်းဆုံ၊ တာပုလဲကျေးရွာသားတွေဟာ သီပေါနဲ့ နမ့်အွန်ရွာ ဘုန်းတော်ကြီးကျောင်းတွေကို တိမ်းရှောင်နေရတာပါ။ မနေ့ကတော့ သီပေါမြို့နဲ့ ခုနှစ်မိုင်လေက်ဝေးတဲ့ မိုးတေရွာ၊ ခွန်စံလိတ်ရွာက ရွာသားတွေဟာ သီပေါမြို့ပေါ်ကို တိမ်းရှောင်လာကြတယ်လို့ သီပေါဒေသခံက ပြောပါတယ်။ လတ်တလော သီပေါမြို့နယ် နမ့်အွန်ရွာမှာ ပန်ခါးနဲ့ တာပုလဲက လူဦးရေးနှစ်ရာကျော်နဲ့ သီပေါမြို့နယ် ဘိုးတော်ကျောင်းမှာ ဆွန်လုံ၊ ချောင်းဆုံ၊ ပန်လျင်၊ ပန်နေ၊ မိုးတေ၊ ခွန်စံလိတ်၊ တာပုလဲစတဲ့ ကျေးရွာက လူဦးရေ နှစ်ရာကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးလာသူတွေအတွက် ဒေသခံတွေက ကူညီနေကြပေမယ့် စောင်နဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ Credit: