
အမရပူရတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီပန်းများ ကိုင်ဆောင်ချီတက် DVB မန္တလေးမြို့ အမရပူရမြို့နယ်မှာ မေလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး နှင်းဆီပန်းတွေ ကိုင်ဆောင်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ချီတက်ရာမှာ အမရပူရမြို့နယ်ပညာရေးမိသားစု၊ အမရပူရမြို့နေ ရဟန်းရှင်လူ ကျောင်းသားပြည်တွေ ပူးပေါင်း ပါဝင်ခဲ့ကြပြီး စစ်ကျွန်ပညာသပိတ်မှောက်ရေးနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စတာတွေ ကြွေးကြော်ချီတက်ခဲ့ပါတယ်။ #DVB #News #Photo Credit: