No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လားရှိုးတွင် သေဆုံးသူများ ၎င်းတို့လက်ချက် မဟုတ်ကြောင်း စစ်တပ်က ဖိအားပေးဝန်ခံခိုင်း ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၁ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သဖြင့် ၅ ဦးသေဆုံးခဲ့ပြီး ရုပ်အလောင်းများကို စစ်တပ်က သိမ်းယူသွားသည်။ ရင်ခွဲရုံတွင် ရုပ်အလောင်းများ ထုတ်ပေးရန် သွားရောက် တောင်းဆိုရာတွင် ၎င်းတို့ လက်ချက်ဖြင့် သေဆုံးခြင်း မဟုတ်ကြောင်း ဝန်ခံလက်မှတ်ထိုးမှ ထုတ်ပေးမည်ဟု စစ်တပ်က အကြပ်ကိုင် ဝန်ခံခိုင်းခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် လူငယ်များက ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။ ဓာတ်ပုံ - CJ Credit: