No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖခင်ဖြစ်သူစီနင်းခဲ့သည့်ကားကို သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြန်လည်မွမ်းမံပြီး စီးချင်သည့်အတွက် Htoo Auto Service က အသေးစိတ်ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley RC 2874 ကားအား နဂိုမူလလက်ရာမပျက် ပြန်လည်ပြုပြင်မှု ပြီးစီးသွားပြီဖြစ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော ရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ပြန်လည်ပြီး လွဲပြောင်းပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ Wolseley ဆိုတဲ့British ကားထုတ်လုပ်ရေးကို ၁၉၀၁ ခုနှစ်မှာ Vickers နဲ့ Herbert Austin တို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၂၁ မှာ Britain ၏ အကြီးဆုံးသော ကားထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သည့် Wolseley RC 2874 ကားလေးက Wolseley 18/85 ဖြစ်ပြီး ၁၉၃၈ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အတွင်းမှာ ထုတ်လုပ်ခဲ့သည့် အမျိုးအစားဖြစ်သည်။ အဆိုပါ Wolseley ကားဟာတံခါး ၄ ချပ်ပါ saloon ကားဖြစ်သလို 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုး အင်ဂျင်ဖြစ်ပြီး Wheelbase 2654 mm Length 4369 mm Width 1702 mm Height 1676 mm Weight 1422 kg ရှိပြီး ယူကေနိုင်ငံမှာ ထုတ်လုပ်ခဲ့ကြောင်းသိရသည်။ ဗိုလ်ချုပ်ကွယ်လွန်ခဲ့တာဟာ ၁၉၄၇ ခုနှစ်ဖြစ်သည့်အတွက် စစ်ပြီးခေတ် model Wolseley ကားလေးဟာ (1945/46/47) တစ်နှစ်နှစ် ဖြစ်မှာဖြစ်ပြီး RC 2874 နံပါတ်ကိုတော့ Wolseley World ဆိုတဲ့ဂျာနယ်ကြီးကနေ RG (Rangoon) registration number 2874 ဆိုပြီး ကမ္ဘာအနှံ့က Wolseley ကားတွေကို မှတ်တမ်းတင်ရာတွင် ဖော်ပြထားသည်။ Credit