No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မိုးညိုမြို့တွင် သပိတ်ဖြိုခွင်းခံရ ပြည်သူ ၁ ဦး ကျဆုံး DVB ပဲခူးတိုင်း၊မိုးညိုမြို့မှာ စစ်အာဏာရှင်ကျဆုံး​ရေး ဆန္ဒပြတဲ့ဆိုင်ကယ်သပိတ်စစ်ကြောင်း ဒီက​နေ့ မတ် ၂၇ ရက်​နေ့မှာ ဖြိုခွင်းခံရပြီး ၁ ဦးကျဆုံးခဲ့ပါတယ်။ သေဆုံးသူ ရဲထက်(ခေါ်)ကောင်းမြတ်သူ (၂၆) ဟာ ဆန္ဒပြပွဲမှာပါဝင်ခြင်းမရှိဘဲ သူ့နေအိမ်ဆိုင်ရှေ့မှာ ပစ်ခတ်ခံရပြီး ဆီးခုံကို ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့တာလို့သိရပါတယ်။ ကိုကောင်းမြတ်သူဟာ သံလျင်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာန ကျောင်းသားဟောင်း တစ်ဦး ဖြစ်ပါတယ်။ #DVBNews #photo Credit: