
မတ်လ ၂၇ ရက်နေ့မှာ လူပေါင်း ၉၀ ကျော်ပစ်သတ်ခံရ ~~~~~~ ■ ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲပစ်ခတ်လို့ သေဆုံးတဲ့သူ ၉၀ ကျော်ရှိသွားပြီလို့ AP၊ ရိုက်တာသတင်းဌာနနဲ့ Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။ သေဆုံးသူ စာရင်းတိတိကျကျကို RFA က သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ အနည်းဆုံး ၂၅ ဦး၊ မန္တလေးတိုင်းမှာ ၃၀ ဦးထက်မနည်း သေဆုံးပြီး ကျန်တိုင်းနဲ့ ပြည်နယ် တော်တော်များများမှာ သေဆုံး၊ ဒဏ်ရာရသူတွေရှိခဲ့တာပါ။ လက်ရှိ ညနေအထိ မြို့တော်တော်များများမှာ စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေသေးတယ်လို့ ဒေသခံတွေက RFA ကို စာရေးသားပေးပို့လာကြပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီနေ့မနက်ပိုင်းက ၇၆ နှစ်မြောက် တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်မှာ စစ်ရေးပြအခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ Credit: