
မဟာဗန္ဓုလတံတားအဆင်းတွင် ယာဉ် ၈ စီး ဆင့်တိုက်မှုဖြစ်ပွား ============================== ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြိုနယ်၊ မဟာဗန္ဓုလတံတားအဆင်း(အိုးရှင်းစူပါမားကတ်ရှေ့) တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီကျော် အချိန်က ယာဉ် ၈ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။ ယင်းမှာ ဘရိတ် ပေါက်ကုန်ကားတစ်စီးကြောင့်ဖြစ်ကြောင်း ကနဦး သိရပြီး အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦး လက်ထိခိုက်မှု အနည်းငယ်သာဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ ကောင်းမြတ်ရာ (သတင်း-ဓာတ်ပုံ) Creitd