
အင်အားပြင်းငလျင်ကြောင့် ရေဦးမြို့၌ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ DVB စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဇူလိုင် ၂၉ ရက် ဒီညနေ ၃ နာရီကျော်လောက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် မင်္ဂလာရာမပရိယတ္တိစာသင်တိုက်နဲ့ ခရစ်ယာန်သီလရှင်ကျောင်းအကြားရှိ အုတ်တံတိုင်းပြိုကျခဲ့ ပါတယ်။ ပြင်းအား ရစ်ချ်တာစကေး ၆ဒသမ ၃ ရှိတဲ့ အင်အားပြင်းငလျင်ဟာ သပိတ်ကျင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး ငလျင်ကြောင့် အုတ်တံတိုင်း ၁၀ ခန်းလောက် ပြိုကျသွားခဲ့လို့ မြို့နယ် မီးသတ်က ကူညီဖယ်ရှားခဲ့ပါတယ်။ #DVB #News #COVID-19 http://burmese.dvb.no/archives/478236 Credit: