No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်​နေ့ကအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့သော်လည်း ယနေ့နံနက်တွင်လူဦး​ရေထောင်နှင့်ချီ၍ အစုအဖွဲ့အလိုက် စုဝေး၍သုဓမ္မာလမ်းမတစ်လျှောက် သပိတ်စခန်းများဖွင့်လှစ်ထား သည်။ ထို့အပြင် မြောက်ဥက္ကလာပမြို့အတွင်းဝင်ရောက်နိုင်သည့်လမ်းများအား ပြည်သူများက အတားအဆီးများပြုလုပ်ကာ ရဲနှင့်စစ်သားများမဝင်ရောက်နိုင်စေရေးပြင်ဆင်ထားသည်။ ယနေ့မွန်းလွဲ၁၂နာရီခန့်အထိ အခြေအနေမှာတည်ငြိမ်နေဆဲဖြစ်ကြောင်း ယင်းမြို့နယ်ရှိသပိတ်စစ်ကြောင်းတွင်ပါဝင်နေသူတစ်ဦးက 7Day Newsသို့ ဆက်သွယ်ပြောကြားသည်။ သို့သော် ရဲနှင့်စစ်သားများမှာရပ်ကွက်လမ်းများမှတစ်ဆင့် သပိတ်စစ်ကြောင်းများရှိရာသို့ဦးတည်သွားနေမှုများရှိနေသည်ဟုလည်း ဒေသခံများက ​ပြောသည်။ Credit: