No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကမ်းရိုးတန်းအတိုင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ ရှည်လျားသော ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ(ကမ်းခြေပတ်လမ်း)စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မိုင် (၁၀၀) နီးပါးရှည်လျားတဲ့ ဒီလမ်းမသစ်ဟာပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် ဂွမြို့နယ်အထိကို ကမ်းခြေပတ်လမ်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဘက်အပိုင်း၌ လမ်းအဧရာဝတီတိုင်းဒေသကြီးဘက်အပိုင်း လမ်းအရှည် ၈၆ မိုင် ၂ ဒသမ ၅ ဖာလုံနှင့် ရခိုင်ပြည်နယ်ဘက်အပိုင်း၌ လမ်းအရှည် ၁၀ မိုင် သုံးဖာလုံဖြင့် စုစုပေါင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံရှည်လျားသောလမ်းအား ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ ကမ်းခြေပတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ကမ်းခြေ တစ်လျှောက်၌ လက်ရှိကမ်းခြေနေရာများထက် ပိုမိုလှပသော ကမ်းခြေနေရာသစ်များ ဖော်ထုတ် လာနိုင်တော့မည်ဖြစ်၍ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပင်လယ်ထွက်ကုန်ပစ္စည်းများမှ တန်ဖိုးမြင့်ရေထွက် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်သော စက်ရုံများနှင့် တိရစ္ဆာန်အစာထုတ်လုပ်သော စက်ရုံများအပါအဝင် အခြားစက်မှုလုပ်ငန်းများအတွက်ပါ စက်မှုဇုန်များ ပေါ်ထွက်လာနိုင်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနကအကောင်အထည်ဖော် ဆောင်ရွက်သော အဆိုပါ ကမ်းခြေပတ်လမ်းစီမံကိန်း ဆောင်ရွက်ပြီးစီးပါကဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက် လာမည်ဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် သြစတြေးလျက Gold Coast ကမ်းရိုးတန်းလမ်းမကြီးဟာကမ္ဘာကျော်သလို မြန်မာပြည်ရဲ့အနောက်ဘက်ကမ်းရိုးတန်း လမ်းမကြီးဟာလည်း မြန်မာ့ခရီးသွားလုပ်ငန်းကိုလည်းများစွာအထောက်အကူပြုလာအုံးမှာကဖြင့် မြေကြီးလက်ခတ်မလွဲပါပဲ။ ပြည်သူ့အစိုးရရဲ့ ပညာပါပြီး အမြော်အမြင်ကြီးတဲ့ အရွေ့တစ်ခုပါပဲ။ Credit