
ရွှေပြည်သာ၌ လမ်းပေါ်တက်လျှင် ပစ်ခတ်ဖမ်းဆီး၍ စစ်ခုံရုံးတင်မည်ဟု ကြေညာ ရန်ကုန် - မတ် ၂၇ (မော်ကွန်း) ရွှေပြည်သာ၌ လမ်းပေါ်တက်ပြီး လူစုလျှင် ပစ်ခတ်ဖမ်းဆီး၍ စစ်ခုံရုံးတင်မည်ဟု ယနေ့နံနက်ပိုင်းတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့က လိုက်လံကြေညာလျှက်ရှိသည်။ ရွှေပြည်သာမြို့နယ်သည် စစ်အုပ်ချုပ်ရေး (Martial Law) မြို့နယ်တွင် ပါဝင်သည့်အတွက် လမ်းပေါ်တက်၍ လူစုလူဝေးလုပ်ခြင်း၊ ဆန္ဒပြခြင်း၊ လမ်းများအား အတားအဆီးများပြုလုပ်ခြင်း၊ တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး၍ စစ်ခုံရုံးတင်မည်ဟု ၎င်းတို့က ကြေညာသည်။ ယနေ့နံနက်ပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က ရွှေပြည်သာရပ်ကွက်အချို့သို့ သေနတ်များပစ်ဖောက်၍ ဝင်လာပြီးနောက် လမ်းထိပ်များတွင် အစောင့်ကင်းချ၍ တပ်စွဲလျက်ရှိသည်။ Credit: