
ရန်ကုန်မှာ တရားမဝင်ကားပါကင်ကြေးကောက်ခံသူတွေကိုတရားစွဲ ဇန်နဝါရီ - ၁၅ ၊၂၀၂၁ ရန်ကုန်မြို့လယ်မှာ တရားမဝင် ကားပါကင်ကြေးကောက်ခံနေတဲ့သူတွေ ကို လိုက်လံရှာဖွေကာ တရားစွဲဆိုတာကို မနေ့ကစတင်ပြီး ပြုလုပ်နေပြီလို့ ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီ က ထုတ်ပြန်အသိပေး လိုက်ပါတယ်။ မနေ့က စတင်ပြီး ပန်းဘဲတန်း ၊ကျောက်တံတား ၊ ပုဇွန်တောင်မြို့နယ်တွေမှာ တရားမဝင်ကားပါကင်ကြေး ကောက်ခံသူတွေကို စတင်အရေးယူခဲ့တာပါ။ လက်ရှိဟာစီမံချက်ကာလ နဲ့အရေးယူနေတာဖြစ်ပြီး အရေးယူမှု အရေအတွက်ကို ထုတ်ပြန်ပေးမယ်လို့ စည်ပင် အင်ဂျင်နီယာ (လမ်းတံတား ) ဌာနမှူးက ဆိုပါတယ်။ ရန်ကုန်မှာ ကန်ထရိုက်ပေးပြီး ကားပါကင်ကြေးကောက်ခံတာကိုပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက ရပ်နားထားတာပါ။ ဒါပေမယ့် စနစ်ကျတဲ့ ကားပါကင်စနစ်တစ်ခု ထူထောင်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ကနဦး စီမံချက်တစ်ခုကို မနှစ်က စမ်းသပ်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါပေမယ့် ယာဉ်ရပ်နားခကိုတော့ တရားဝင်ကောက်ခံတာမရှိသေးဘူးလို့သိရပါတယ်။ သတင်း-မိုးညို Credit