No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တောင်ဒဂုံ ၅၄ ရပ်ကွက်ကို စစ်ကောင်စီတပ်တွေက ဒီနေ မတ်လ ၂၉ ရက် နေ့လည်မှာ ဝင်ရောက်စီးနင်းနေတယ်လို့ အဲဒီက နယ်ခံတွေက ဘီဘီစီကို ပြောပါတယ်။ လက်ရှိမှာ အသံဗုံးတွေလည်းပစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့မနက်အစောပိုင်း ၉ နာရီဝန်းကျင်လောက်ကတော့ ၁၈ ကွေ့နဲ့ ဘုန်းကြီးကျောင်းကွေ့ကြား မောင်းမကန်လမ်းမပေါ်က အတားအဆီးတွေကို စစ်ကားတွေ၊ ရေသယ်ယာဉ်တွေသုံးပြီး အလုံးအရင်းနဲ့ဖယ်ရှားနေတယ်လို့ နယ်ခံတွေက ပြောထားပါတယ်။ ဒါ့ပြင် တောင်ဒဂုံမှာ မနေ့ညကလည်း စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့ပါတယ်။ Credit: