No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒုကာချုပ် မန္တလေးဘုရားကြီးကို သွားရောက်တယ်လို့ ဒေသခံတွေပြော ~~~~~ ■ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးလုံး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟာ၊ မတ် ၂၉ ရက် ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးကို သွားရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၆၆ လမ်းနဲ့ သိပ္ပံလမ်းကတစ်ဆင့် မဟာမြတ်မုနိဘုရားကြီးကို သွားရောက်ဖို့ စီစဥ်ထားတာကြောင့် မန္တလေးမြို့က ရဲအင်အားအတော်များများ တစ်လမ်းကို နှစ်ယောက်နှုန်းနဲ့ မနက်ကတည်းက လုံခြုံရေး ယူထားတာတွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဒိကနေ့ မနက် ၈ နာရီကျော်လောက်က မန္တလေးမြို့၊ ကောင်းကင်မှာ စစ်ရဟတ်ယာဉ်ပျံဝဲသံတွေကို ကြားခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒေသခံတွေက အခုလို ပြောနေပေမယ့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် မဟာမြတ်မုနိ ဘုရားကြီးကို သွားရောက်ဖူးမြှော်တာလား၊ စစ်ကောင်စီနဲ့ တခြားစစ်တပ် ထိပ်တန်းအဖွဲ့ဝင်တစ်ဦး သွားရောက်တာလားဆိုတာကိုတော့ RFA က သီးသန့်အတည်ပြုနိုင်တာမျိုး မရှိပါဘူး။ မနေ့ကလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ကိုယ်တိုင် ရွှေဘိုမြို့က ပခန်းဘုန်းကြီးကျောင်းကို သွားရောက်ပြီး “ကျောင်းထိုင်ဆရာတော်အနေနဲ့ ဆန္ဒပြသူတွကို မကူညီဖို့ တားမြစ်ခဲ့ပြီး၊ ဘွဲ့တံဆိပ်တွေ ဆက်ကပ်လှူဒါန်းခဲ့တယ်” လို့ ဘုန်းကြီးကျောင်းအနီး နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ မတ်လ ၂၈ ရက် မနေ့ မနက်ပိုင်းက၊ စစ်ရဟတ်ယာဥ်တစ်စီး ရွှေဘိုမြို့ပေါ်မှာ ငါးမိနစ်လောက် ပျံဝဲပြီး ခလရ ၄၂ ကို ဆင်းသွားတာလည်း မှန်ကန်ကြောင်းနဲ့၊ မကြာခင်မှာပဲ အဲဒီဘုန်းကြီးကျောင်းထဲကို လက်နက်အပြည့်အစုံနဲ့ စစ်ကားတွေများစွာ ဝင်ရောက်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။ Credit: