No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

CRPHရဲ့လူကယ်ပြန်ဝန်ကြီးဌာနက မန္တလေးမီးဘေးသင့်သူတွေကို ကူညီ မန္တလေးက မီးဘေးသင့်ပြည်သူတွေကို ငွေကျပ်သိန်း ၇၀ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ လူကယ်ပြန်ဝန်ကြီးဌာနက ဒီနေ့မတ်လ ၂၉ ရက်မှာ ကြေညာပါတယ်။ အခုအလှူကို ပြည်သူတွေကနေတဆင့် လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲက (၅၇x ၅၆)၊ (၁၁၇x၁၁၆)လမ်းကြားမှာ မတ်လ ၂၇ ရက်ညက မီးလောင်ခဲ့လို့ အိမ်ခြေ ၇၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၆၀ နီးပါးမီးဘေးသင့်ခဲ့ပါတယ်။ လက်ရှိ အာဏာသိမ်းတဲ့ကာလအတွင်းမှာ CRPH အောက်မှာ လူကယ်ပြန်ဝန်ကြီးဌာနအနေနဲ့ ပင်မလုပ်ငန်းတွေ ဆက်လုပ်ဖို့ အခက်အခဲအတားအဆီးတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ကြုံနေရပေမဲ့ အကူအညီတွေကို အတတ်နိုင်ဆုံး ဆက်ပေးသွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာ စစ်တပ်ကအာဏာသိမ်းထားပေမဲ့ ဒေါက်တာဝင်းမြတ်အေးက သမ္မတဦးဝင်းမြင့်အစိုးရလက်ထက်က အတိုင်းပဲ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးပြည်ထောင်စုဝန်ကြီးတာဝန်ဆက်ထမ်းဆောင်မယ်လို့ CRPH က မတ်လ ၂၃ ရက်က ကြေညာခဲ့ပါတယ်။ ဓာတ်ပုံ- CJ Credit: