No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယင်းမာပင်နှင့် ဆားလင်းကြီး ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပူးပေါင်းချီတက်ဆန္ဒပြ DVB စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အ​ရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် ​မြောက်ခြမ်းတို့ ပူး​ပေါင်းပြုလုပ်တဲ့ ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းဟာ စက်တင်ဘာ ၁၁ ရက်​နေ့က စစ်အာဏာရှင်ဆန့်ကျင်​ရေးသပိတ် ၁၈၅ ရက်​မြောက်​နေ့ကို အင်အား​ထောင်ချီ ဆန္ဒ​ဖော်ထုတ်ခဲ့ကြပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲမှာ သပိတ်တပ်ဦးအလံ​နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်တပ်မတော်(PDF)အလံ​တော်များကိုပါ ကိုင်​ဆောင်ပြီး ချီတက်ခဲ့ကြသလို "ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ဖို့ လူထုတစ်ရပ်လုံး ပုန်ကန်ထကြွစို့"စာသားပါ ဆိုင်းပုဒ်နဲ့ ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု သံတမန်ရေးရာအတွက် အမျိုးသားညီညွတ်​ရေးအစိုးရရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ထားရှိရန်ရည်ရွယ်တဲ့အ​နေနဲ့ "Our diplomatist U Kyaw Moe Tun "စာရွက်များ ကိုင်​ဆောင်ချီတက် ဆန္ဒ​ဖော်ထုတ်ခဲ့ကြတာပါ။ ရွာ​ပေါင်းစုံသပိတ်​ကြောင်းဟာ တစ်​နေ့ထက်တစ်​နေ့ အင်အားပိုမို​အား​ကောင်းလာပြီး စစ်အာဏာရှင်​တော်လှန်​ရေးသပိတ်ကို ရက်ပျက်မရှိ ​နေ့စဥ်ဆန္ဒ​ဖော်ထုတ်​နေတဲ့ သပိတ်စစ်​ကြောင်းလည်း ဖြစ်ပါတယ်။ #DVB #Photo #RejectMilitaryCoup #WhatsHappeningInMyanmar #SpringRevolution #ယင်းမာပင် #ဆားလင်းကြီး Credit: