
သာကေတ ပစ်ခတ်မှု ကျည်ထိမှန်သူ လေးဦးမှာ တစ်ဦး သေဆုံး ~~~~~~ ■ သာကေတမြို့နယ်၊ မာန်ပြေ သုမနလမ်းမကြီးပေါ်က အာဏာသိမ်းစစ်ကောင်စီကို ဆန္ဒပြနေတဲ့သပိတ်ကို မတ်လ ၂၉ ရက် ဒီနေ့ မနက် ဆယ်နာရီကျော်လောက် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတွေက အကြမ်းဖက် ပစ်ခတ်တာကြောင့် တစ်ယောက် ဦးခေါင်းကျည်ဆံထိမှန် သေဆုံးပြီး ဗိုက်ထိမှန်သူ၊ လက်နဲ့ ခြေထောက်ထိမှန် ဒဏ်ရာရသူ အားလုံးပေါင်း လေးယောက်ရှိထားတယ်လို့ ဆန္ဒပြသပိတ်မှာပါ၀င်သူ လူငယ်တစ်ယောက်က RFA ကိုပြောပါတယ်။ လက်ရှိ နေ့လယ် တစ်နာရီကျော်အထိလည်း စစ်တပ်နဲ့ရဲတွေက လမ်းတွေတိုင်းကို ပိတ်ဆို့ထားတာကြောင့် ပိတ်မိနေသူတွေ ရှိတယ်လို့လည်း အဲဒီလူငယ်ကဆိုပါတယ်။ Credit: