
ဖားကန့်မှာ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရချိန် သေဆုံးခဲ့တဲ့အသက် ၁၉ နှစ်အရွယ် မောင်သန့်ဇော်ရဲ့ ဈာပနကို ဒီနေ့ မတ်လ ၂၉ ရက်မှာ ပြုလုပ်သွားပါတယ်။ မတ်လ ၂၇ ရက်က အေးမြသာယာသပိတ်စစ်ကြောင်း ဖြိုခွင်းခံရချိန် မောင်သန့်ဇော်သေဆုံးခဲ့တာပါ။ ဖားကန့်မှာ ဆန္ဒပြပွဲတွေဖြိုခွင်းခံရလို့ သေဆုံးသူ ၂ ဦးရှိလာပြီဖြစ်ပြီး မောင်သန့်ဇော်က ဒုတိယမြောက်ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်ကလည်း မရှီကထောင်ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဆိပ်မူကျေးရွာက ကိုကျော်လင်းထိုက်(၃၀)နှစ် သေဆုံးခဲ့ပါတယ်။ ဓာတ်ပုံ- CJ Credit: