
အမေရိကန်၊ ဂျပန်၊ ဩစတေးလျနှင့် အိန္ဒိယ (၄)နိုင်ငံ ပါဝင်တဲ့ အာရှနေတိုး မဟာမိတ်အဖွဲ့ QUAD က မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေး ~~~~~ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ဟာ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့နှင့် မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။ (၄)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရအုပ်ချုပ်မှု အမြန်ဆုံး ပြန်လည်ရရှိလာစေရေးနှင့် နယ်စပ်ဒေသများတွင် ဒီမိုကရေစီခိုင်မာရေးကို ဦးစားပေးလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ Ned Price က ပြောပါတယ်။ Credit: