Breaking News- တောင်ဒဂုံ ၅၆ ရပ်ကွက် လမ်းဆုံတွင် ပြည်သူ ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ သတ်ဖြတ်သွား ရန်ကုန်၊ မတ် ၃၀ ရန်ကုန်တောင်ဒဂုံတွင် မတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်းက ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ သတ်ဖြတ်သွားကြောင်း တောင်ဒဂုံဒေသခံများထံမှ သိရှိရသည်။ "ဒီမနက်မှ မီးရှို့ ထားတဲ့ ရုပ်အလောင်းတွေ့တာပါ။ ၅၅၊ ၅၆ မှာ စစ်တပ်က ညပိုင်းကနေ မနက်အစော ၄ နာရီလောက်အထိ ရှိနေခဲ့တာ။ စည််ပင်လမ်းမကြီး၊ ၅၆ မှတ်တိုင်နားမှာ။ လောလောဆယ်သိရသလောက် မီးရှို့သတ်ခံရသူ ဘယ်သူဆိုတာ ၊ နာမည် အတိအကျ မသိရသေးဘူး။ စစ်တပ်က တစ်ညလုံး မနက်အထိ ပစ်ခတ် ဆဲဆိုပြီး ရှိနေတာ ပြည်သူက အပြင်တောင်မထွက်ရဲဘူး။ နောက်ပြီး ၅၅ ၊ ၅၆ ကို စစ်တပ်က တအားငြိုးနေတာ။အရမ်းရက်စက်လွန်းတယ်"ဟု တောင်ဒဂုံဒေသခံတစ်ဦးက ပြောသည်။ ယမန်နေ့က တောင်ဒဂုံကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြည်သူကို သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ပြီး သေဆုံးစာရင်းအတိအကျမရရှိသေးပေ။ Credit:
