No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အမေရိကန် နိုင်ငံသားတွေ မြန်မာနိုင်ငံကို ခရီးမထွက်ဖို့ နိုင်ငံခြားရေးဌာန သတိပေး ~~~~~~ ■ COVID-19 အန္တရာယ်အပြင် မြန်မာနိုင်ငံတွင်းက ပြည်တွင်းမငြိမ်သက်မှုတွေ၊ လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒေသတွေကို ခရီးမသွားကြဖို့ "အဆင့်-၄" အမြင့်ဆုံးသတိပေးချက်အဖြစ် သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ရွေးကောက်ခံ အစိုးရအရာရှိတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ကြောင်း၊ နောက်ထပ် ဆက်ပြီး ဖြစ်ပွားလိမ့်မယ်လို့ ယူဆရကြောင်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံလုံးကျွတ်ဆန္ဒပြပွဲတွေအပြင် ဒေသတချို့မှာ မငြိမ်သက်မှုတွေ ပိုများလာတာ (ဒါမှမဟုတ်) လက်နက်ကိုင်အကြမ်းဖက်တာတွေ ခံရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ‌‌ဒေသတွေကတော့… ချင်းပြည်နယ်က ပလက်ဝနဲ့ မတူပီမြို့နယ်၊ ကချင်ပြည်နယ်က ဗန်းမော်၊ မိုးကောင်း၊ ဖားကန့်၊ မန်စီ၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ တနိုင်းနဲ့ ဝိုင်းမော်မြို့နယ်၊ ရှမ်းပြည်နယ်က ဟိုပန်၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ မိုင်းကိုင်၊ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်း၊ မူဆယ်၊ ကုန်းကြမ်း၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မက်မန်း၊ မိုင်းမော၊ နားဖန်၊ ပန်ဆန်းနဲ့ ပန်ဝိုင်းမြို့နယ်၊ ကယားပြည်နယ်က ရှားတောမြို့နယ်၊ ကရင်ပြည်နယ်က ဖာပွန်မြို့နယ်တို့ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့စစ်တွေအကြား တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်၊ ရခိုင်နဲ့ ချင်းပြည်နယ်က တချို့ဒေသတွေ၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ မငြိမ်မသက်မှုတွေ၊ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခဒဏ် ခံစားနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်၊ ရခိုင်၊ ချင်းပြည်နယ်တွေမှာ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးလက်နက်တွေ ရှိနိုင်ပြီး နိုင်ငံခြားခရီးသွားတွေကို ထိခိုက်တာတွေ ရှိခဲ့တယ်လို့လည်း သတိပေးထားပါတယ်။ ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ ရှမ်း… စတဲ့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တချို့မှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်သူပုန်တွေအကြား တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Photo - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Credit: