No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကျောက်မဲသပိတ်ကို မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်း အမျိုးသမီး ၁ ဦး သတိလစ် =================== ရှမ်းပြည်၊ ကျောက်မဲမြို့က ပင်မသပိတ်ကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့၊ နေ့လယ်ပိုင်းက စစ်ကောက်စီတပ်နဲ့ ရဲတွေက ဖြိုခွင်းခဲ့ပါတယ်။ အဲ့ဒီလို ဖြိုခွင်းရာမှာ ပင်မသပိတ်အနီးက နေအိမ်ခြံဝန်းအတွင်းကို မျက်ရည်ယိုဗုံး (၃)လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆန္ဒပြရာမှာ မပါဝင်တဲ့ ရောဂါအခံရှိတဲ့ အိမ်ရှင်အမျိုးသမီး(၁)ဦး သတိလစ်မေ့မျောသွားလို့ ပြည်သူ့ဆေးရုံကိုပို့ဆောင်ပြီး ကုသနေရပါတယ်။ အခုလိုဖြိုခွင့်ရတာဟာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သပိတ်မှာ မပါဝင်တဲ့ အရပ်သားတချို့က လေးခွနဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ #dvbtvnews #RejectMilitaryCoup #WhatIsHappeningInMyanmar Credit: