No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မိုးကောင်းမြို့တွင် "အာဏာရှင်စနစ်အမှိုက်ထဲပစ်" ခေါင်းစဉ်ဖြင့် အမှိုက်ကောက်ကမ်ပိန်းပြုလုပ် ကချင်ပြည်နယ်မိုးကောင်းမြို့မှာ ဒီနေ့ မတ် ၃၁ ရက် မနက် ၉ နာရီက မိုးကောင်း Gen-Z လူငယ်တွေစုပေါင်းပြီး "အာဏာရှင်စနစ်အမှိုက်ထဲပစ်" ခေါင်းစဉ်နဲ့ မြို့အတွင်းမှာ အမှိုက်ကောက်ကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။ လူငယ်အင်အား ၅၀ နီးပါးဟာ "အာဏာရှင်စနစ်အမှိုက်ထဲပစ်" စာတန်းပါတဲ့ ဆာလာအိတ်တွေကိုကိုင်ဆောင်ပြီး လက်သုံးချောင်းထောင်ကာ အမှိုက်ကောက်ရင်းဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ မြစ်ကြီးနားမြို့-ရွှေဘို ပြည်ထောင်စုလမ်းမကြီးနဲ့ မြို့အတွင်းလမ်းတွေ၊ စည်ပင်သာယာဈေးပတ်ဝန်းကျင်တွေမှာ အမှိုက်တွေကိုကောက်ပြီး စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း သိရပါတယ်။ #DVB #News #Photo Credit: