No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ထိုင်းနိုင်ငံတွင် အတောမသတ်နိုင်သေးသော ကိုဗစ်-၁၉ ဒုတိယလှိုင်းကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး အတွက် အဆိုးထဲက အကောင်းဆိုရမှာပဲ ထိုင်းနိုင်ငံတွင် နေ ထိုင်လုပ်ကိုင်လျက်ရှိသော တရားမဝင်လုပ်သားများ၊ တရား မဝင်ရေလုပ်သားများနှင့် လိုက်ပါမှီခိုသူများကို အကျပ်အတည်း ကာလအတွင်း အထူးဖြေလျှော့ခွင့်တရပ်အနေဖြင့် လူတိုင်းစေ့ အထောက်အထား (ပန်းရောင်ဘတ်ကတ်) ပြုလုပ်ပေးမည်ဟု ၁၃-၂-၂ဝ၂၃ ရက်နေ့အထိ တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ပေးရန် ထိုင်းအစိုးရမှအတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ . အလုပ်ရှင်ရှိသောတရားမဝင်လုပ်သားများနှင့် လိုက်ပါမှီခိုသူများ (အသက် ၁၈ နှစ်ထက်မကျော်သူများ) သည် အောက်ပါလုပ်ငန်း စဉ်များကို အစဉ်လိုက်လုပ်ဆောင်ရမည်ဟု သိရသည်။ . - အလုပ်ရှင်သည် လာမည့် ၁၅-၁-၂၀၂၁ ရက်နေ့မှ၁၃-၂-၂၀၂၁ ရက်နေ့အတွင်း အွန်လိုင်းမှတဆင့်လုပ်သားအမည်စာရင်းတင် သွင်းရမည်။ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှသတ်မှတ်ထား သောအထောက်အထားများနှင့်လုပ်သားဓာတ်ပုံတင်ပြရမည်။ . - အလုပ်ရှင်သည် လာမည့် ၁၆-၄-၂၀၂၁ ရက်နေ့အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့်ဆေးရုံတွင် လုပ်သားအား ကိုဗစ်-၁၉ နှင့် တားမြစ်ရောဂါများ စစ်ဆေးပေး ရမည်နှင့် ကျန်းမာရေးအာမခံ ၂ နှစ်စာပါ ဝယ်ယူရပါမည်။ . - အလုပ်ရှင်သည် ဆေးစစ်ချက်အောင်သည့် လုပ်သားများ အတွက် ၁၃-၉-၂၀၂၁ ရက်နေ့အတွင်း Counter Service သို့မဟုတ် Krungthai Bank မှတဆင့် လျှောက်လွှာတင်ခနှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ခ (ဝေါ့ပါမစ်) ၁၉၀၀ ဘတ်ပေး ချေရမည်။ ထို့နောက် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် အထောက်အထားများနှင့်တကွ အွန် လိုင်းမှတဆင့် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားရမည်။ . - အလုပ်လုပ်ကိုင်ခွင့်ရရှိလာသည့် လုပ်သားများသည် ၁၂-၁၁-၂၀၂၁ ရက်နေ့အတွင်း ထိုင်းနိုင်ငံသားမဟုတ်သူ ကိုယ်ရေးရာဇဝင်သွားရောက်ပြုစုရမည်ဖြစ်ပြီး နောက်ကျော တွက်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပါရှိသည့် ပန်းရောင်ဘတ် ကတ်ရရှိလာမည်။ . အလုပ်ရှင်မရှိသောတရားမဝင်လုပ်သားများနှင့် လိုက်ပါမှီခို သူများ (အသက် ၁၈ နှစ်ထက်မကျော်သူများ) သည် အောက် ပါလုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်ရမည်ဟု သိရသည်။ . - လုပ်သားသည် လာမည့် ၁၅-၁-၂၀၂၁ ရက်နေ့မှ ၁၃-၂-၂၀၂၁ ရက်နေ့အတွင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနမှသတ်မှတ်ထား သည့် အထောက်အထားများနှင့်ဓာတ်ပုံတို့ကို အွန်လိုင်းမှတဆင့် တင်သွင်းရမည်။ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၄ ဘာသာ စီစဉ်ပေးထားသည်။ . - လုပ်သားသည် ကိုယ်ရေးအချက်အလက်တင်ပြလွှာပုံစံကို အသုံးပြုပြီး လာမည့် ၁၆-၄-၂၀၂၁ ရက်နေ့အတွင်း ကျန်းမာရေး ဝန်ကြီးဌာနမှသတ်မှတ်ထားသည့်ဆေးရုံတွင် ကိုဗစ်-၁၉ နှင့်တား မြစ်ရောဂါများကိုသွားရောက်စစ်ဆေးရမည်။ ကျန်းမာရေးအာမခံ ၂ နှစ်ဝယ်ယူရမည်။ . - ဆေးစစ်ချက်အောင်သည့်လုပ်သားသည် လာမည့် ၁၆-၆-၂၀၂၁ ရက်နေ့အတွင်း ပြည်ထဲရေးဝန်ကြီးဌာနမှသတ်မှတ် ထားသည့်လုပ်ထုံးလုပ်နည်းနှင့်လုပ်ငန်းစဉ်များနှင့်အညီ ထိုင်း နိုင်ငံသားမဟုတ်သူကိုယ်ရေးရာဇဝင်ပြုစုရမည်။ (ကိုယ်ရေးရာ ဇဝင်မှတ်ပုံပြုစုလွှာ (TR 38/1) ရရှိလာမည်၊ ပန်းရောင် ဘတ်ကတ်မရရှိသေးပါ) . -လုပ်သားသည် အလုပ်ရှင်ရှာပြီးနောက် အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာနတွင်အမည်စာရင်းတင်သွင်းရမည်။ ထို့နောက် ကျလာ သည့်အမည်စာရင်းကိုအသုံးပြုပြီး Counter Service သို့မဟုတ် Krungthai Bank မှတဆင့် လျှောက်လွှာတင်ခနှင့်အလုပ်လုပ် ကိုင်ခွင့်ခ ၁၉၀၀ ဘတ်ပေးချေရမည်။ ဆက်လက်ပြီး အလုပ်ရှင် သည် ဆေးစစ်ချက်အောင်သည့်လုပ်သားများအား လာမည့် ၁၃-၉-၂၀၂၁ ရက်နေ့အတွင်းအလုပ်သမားဝန်ကြီးဌာနမှသတ် မှတ်ထားသည့်အထောက်အထားများနှင့်တကွ အွန်လိုင်းမှတဆင့် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားပေးရမည်။ . -လုပ်သားသည် ပြည်ထဲရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်လုပ်ငန်းစဉ်နှင့်အညီ ထိုင်းနိုင်ငံသားမဟုတ် သူကိုယ်ရေးရာဇဝင်သွားရောက်ပြင်ဆင်ရမည်။ နောက်ကျောတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပါရှိသည့် ပန်းရောင်းဘတ်ကတ်ရရှိ လာမည်။ . ထို့ပြင် တရားမဝင်ရေလုပ်သားများသည် စိုက်ပျိုးရေးနှင့်သမဝါ ယမဝန်ကြီးဌာနတွင် လှေနောက်လိုက် သို့မဟုတ် Seabook (အစိမ်းရောင်စာအုပ်) သွားရောက်ပြုလုပ်ရမည်။ လျှောက်လွှာ တင်ခ ၁၀၀ ဘတ်ကုန်ကျမည်။ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီး ဌာနမှ ထုတ်ပေးသည့် Seabook(အစိမ်းရောင်စာအုပ်) ကို ပန်းရောင်ဘတ်ကတ်နှင့်ပူးတွဲကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံ တွင်နေထိုင်လုပ်ကိုင်ရမည်။ . မူရင်း : သတင်း : ရွှေကရင် (MML) . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Posted_Ko_Chit Credit: