
ချင်းလူငယ်ခေါင်းဆောင်တွေပူးပေါင်းပြီး ဇိုမီးဖက်ဒရယ် အစည်းအရုံး ဖွဲ့စည်း ~~~~~ ■ ချင်းပြည်နယ် တီးတိန်မြို့၊ တွန်းဇန်မြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က စစ်အာဏာရှင် ဆန့်ကျင်တဲ့ ချင်းလူငယ်ခေါင်းဆောင်တွေ ပူးပေါင်းပြီး ဇိုမီးဖက်ဒရယ်အစည်းအရုံးကို မတ်လ ၃၁ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ ဇိုမီးဖက်ဒရယ်အစည်းအရုံးကို မတ် ၂၆ ရက်နေ့မှာ ချင်းလူငယ်တွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အခုလိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲဒီအစည်းအရုံးဟာ CRPH နဲ့ အတူ ဖက်ဒရယ်အရေးအတွက် ပူးပေါင်းပါဝင်သွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖမ်းဆီးခံ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားပြည်သူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Credit: