
ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲမှာရှိတဲ့ ဗဟိုလမ်းမပေါ်က သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဧပြီလ ၉ ရက် မနက်အစောပိုင်းတုန်းက မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီ မီးငြိမ်းနိုင်ခဲ့လို့ မိနစ်အနည်းငယ် အတွင်းမှာပဲ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။ စမ်းချောင်းမှာ ဧပြီလ ၄ ရက်နေ့တုန်းကလည်း ကျွန်းတောလမ်းပေါ်မှာ ရှိတဲ့ ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမီးလောင် ပျက်စီးခဲ့ပါတယ်။ ဓာတ်ပုံ- MPA