No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မူဆယ်မြို့တောင်ပိုင်းက မူဆယ်သုသာန်အနီးမှာရှိတဲ့ ငှက်ပျောကုန်းမှာ ဒီနေ့ မေလ ၂၃ ရက် မနက်အစောပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ''မူဆယ်သုသာန်ရဲ့တစ်ဖက်လမ်းက ငှက်ပျောကုန်းနားမှာ ဒီမနက် ၅ နာရီ ကျော်လောက်က ဖြစ်တာ။ နက်လက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံ ကြားရတယ်။ အဲဒီနားမှာ 97 ဆပ်ပြာစက်ရုံနဲ့လည်း နီးတယ်။ အဆောက်အအုံတစ်လုံး လက်နက်ကြီးထိလို့ လူတချို့ထွက်ပြေးရတယ်ကြားမိတယ်။''လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ဒေသအခေါ် ငှက်ပျောကုန်းလို့ခေါ်တဲ့အဲဒီနေရာမှာ အရင်က ပြည်သူ့စစ်တွေ လုံခြုံရေးယူခဲ့တာမျိုးရှိပြီး အခုတော့ တပ်ဘက်က လုံခြုံရေးယူထားတဲ့သဘောမျိုးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက် တိုက်ပွဲဟာ ဘယ်အဖွဲ့တွေကြားဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ အဲဒီနယ်မြေဟာ ကချင်တပ် KIA နဲ့ ပလောင်တပ် TNLA တို့ လှုပ်ရှားတဲ့နေရာဖြစ်လို့ ဒီအဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကြား ဖြစ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေပါတယ်။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57072578 Credit: