
စစ်ကောင်စီက ခန့်ထားတဲ့ ရာဇဂြိုဟ်ရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ ~~~~~~ ■ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရာဇဂြိုဟ်ရွာမှာ စစ်ကောင်စီကခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းဟာ မျက်နှာဖုံးစွပ်ထားသူတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့မနက်ပိုင်း သေဆုံးခဲ့ပါတယ်။ မနေ့ညက မျက်နှာဖုံးစွပ်ထားတဲ့ လူ အယောက် ၂၀ လောက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့ မနက်မှာ ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ အလောင်းကို ရွာနဲ့မနီးမဝေးမှာ တွေ့ရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အဲဒီရွာမှာ ဘောလုံးပွဲကြည့်နေတဲ့သူ ငါးယောက်ကို စစ်ကောင်စီက ဖမ်းသွားခဲ့ပြီး နောက်ရက်မှာတော့ သုံးယောက်ကို ပြန်လွတ်ပေးလိုက်ကာ နှစ်ယောက်ကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွာထဲကို အချိန်အခါမရွေး ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ လုပ်နေလို့ ရွာထဲကလူငယ်တွေလည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Credit: