
ကမာအောင် စက်တပ် သမ္ဗာန်အသင်းသားများ၏ စုကြေးငွေရှင်းတမ်းများ ကိုအမြန်ဖြေရှင်းပေးရန် ဆန္ဒပြတောင်းဆို ----------------------- ဇန်နဝါရီ ၂၃ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၊ နန်းသီတာဆိပ်ကမ်းနှင့် ဒလမြို့နယ်အတွင်း ရပ်ကွက်များဖြစ်သည့် သဲကုန်း ဆိပ်၊ ဈေးဆိပ်၊ ၂၅ သမ္ဗာန်ဆိပ်များသို့ ပြေးဆွဲ နေသည့်ကမာအောင်စက်တပ်သမ္ဗာန်လှေအသင်း၏ အသင်း သားများအနေ ဖြင့် စုကြေးငွေစာရင်းရှင်းတမ်များအမြန်ဆုံးထုတ်ပြန်ပေးဖို့ကိစ္စအပါအဝင် အချက်သုံးချက်ဖြင့် ဇန်နဝါရီ၂၂ရက်နေ့တွင် ဒလဘက်ကမ်းတွင် ပြုလုပ်ခဲ့သည်။ ဆန္ဒပြရခြင်းအကြောင်းအရင်းနှင့်ပက်သက်ပြီး၂၀၀၉ ခုနှစ်ကတည်းက အသင်းသားတွေဆီက နေ့စဉ် သမ္ဗာန်တစ်စီးကို သာရေး၊ နာရေး သက်သာချောင်ချိရေးအဖြစ် တစ်နေ့ကို ၂၀၀ ကျပ်နဲ့ဂိတ်ကြေးအဖြစ် ၁၂၀၀ ကျပ် အားလုံး တစ်နေ့ကို ၁၄၀၀ ကျပ် အသင်းကိုပေးသွင်းရတာရှိတယ်။ ဆိုင်ကယ်စက်ဘီး အပ်နှံခတွေရှိတယ်။ဒီငွေစာရင်းရှင်းတမ်းတွေကို အသင်းသား တွေ သိရှိမြင်သာအောင်ရှင်းလင်းပေးခြင်းလည်း တစ်ခါမှမရှိခဲ့ဘူး။ ဒီငွေတွေ ကို ၁၀ နှစ်ကျော်စုဆောင်းလာခဲ့ပေမယ့် ငွေစာရင်းရှင်းတမ်းဆိုတာရှိဘူး။ ဒါတွေကိုတော့ သေချာရှင်းပေးစေချင်ပါတယ် ဟုဆန္ဒပြရာတွင်ပါဝင်ခဲ့သူ ဦး ချစ်ကိုကိုက ပြောသည်။ ကိုဗစ်ကာလ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းသည့်အတွက်အသင်းဥက္ကဋ္ဌအနေဖြင့် ပုံမှန်စုဆောင်းထားသည့် စုကြေးငွေများထဲမှ ကူညီထောက်ပံ့ပေးစေချင် ကြကြောင်းနှင့် ငွေစာရင်းရှင်တမ်းတွေ အမြန်ဆုံး ဖြေရှင်းပေးစေချင်ကြောင်းစက်တပ်သမ္ဗာန်ရေယာဉ်မောင်း ဦးချစ်ကိုကိုက ပြောသည်။ ရန်ကုန်ဘက်ခြမ်းနှင့် ဒလမြို့နယ်သို့ ပြေးဆွဲပေးနေသည့် စက်တပ် သမ္ဗာန်ဆိပ်ပေါင်း (၁၁) ဆိပ်ရှိပြီး ကမာအောင် စက်တပ်သမ္ဗာန်ဆိပ်တွင် စက်တပ်သမ္ဗာန်အစီးရေ ၁၈၀ ကျော်ရှိကွောငျးသိရသညျ။ Crd