No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဒီနေ့ မေလ ၃၀ ရက်မှာ ၁၈ နှစ်ပြည့်တဲ့ ဒီပဲယင်းအရေးအခင်း အောက်မေ့ဖွယ်ကို အခမ်းအနားအနေနဲ့ မကျင်းပနိုင်ဘဲ ပန်းစည်းချတာပဲပြုလုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ "ခါတိုင်းဆို ဆွမ်းကပ်တွေနဲ့ သေချာလေးလုပ်ဖြစ်တယ်။ ဒီနှစ်မှာ စစ်သားတွေရှိနေတယ်။ ကူးသန်းနေကြလို့ ပွဲမလုပ်ဖြစ်တော့ဘူး။ ဒီပဲယင်းအရေးခင်းမှာ ပေးဆပ်လိုက်ရတဲ့သူတွေလဲ အများကြီးရှိတယ်။ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပြီ။ မေ့ပစ်ရမယ့် အကြောင်းရာမဟုတ်ဖူး။ အညိုးအာဃာတတွေ ချေဖျက်ချင်တာ။ ဒါပေမယ့် အရေးတော်ပုံကို အခုချိန်ထိ တိုက်ပွဲဝင်နေရတုန်းဖြစ်နေတယ်"လို့ ဒီပဲယင်းဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648 Credit: