
ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ဒေသတွင်းကူးစက်ခံရသူ သုံးဦးအထိရှိလာ ~~~~~ ■ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ဒေသတွင်းကူးစက်ခံရသူ သုံးဦးအထိရှိနေပြီး တစ်ပြည်နယ်လုံးမှာ ပိုးတွေ့လူနာစုစုပေါင်း ၇၉ ဦးအထိ ရှိနေပြီလို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင် က RFA ကို ဒီနေ့မနက်က ပြောပါတယ်။ ဒေသတွင်း ကူစက်ခံရသူတွေဟာ စစ်တွေမြို့က တစ်ဦးနဲ့ မောင်တောမြို့က နှစ်ဦးဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာသူ သုံးဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးသွားလာနေတဲ့သူတွေကို သီးသန့်စောင့်ကြည့်စစ်ဆေးရာမှာ တွေ့ရှိရတာလို့ ဆိုပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ များလာတဲ့အတွက် ဒေသခံတွေအနေနဲ့ မပေ့ါဆကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေကို အားလုံးလိုက်နာကြဖို့ လိုအပ်နေပြီလို့လည်း ဒေါက်တာ စိုးဝင်းပိုင် က ပြောပါတယ်။ အဲဒီပိုးတွေ့လူနာတွေကို စစ်တွေ ပြည်သူ့ဆေးရုံကြီးနဲ့ မောင်တော ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး ကျန်းမာရေးအခြေအနေ ဆိုးဆိုးဝါးဝါးတော့ မရှိဘူးလို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစလို့ အချိန်တစ်လကျော်ကာလ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ စစ်တွေမြို့မှာ ၇၄ ဦးနဲ့ ၅ ဦး စုစုပေါင်း ၇၉ ဦးအထိရှိသွားပြီ ဖြစ်ပါတယ်။ Credit: