No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကနီနယ်တွင် စစ်ကား ၁၀စီး ကျော်အင်အားရှိသော စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်နေ ***************************** စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ကင်းစံပြကျေးရွာအနီး မျိုင်းကျေးရွာ လမ်းခွဲတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့ မေလ ၂၂ ရက် နံနက်ပိုင်း၌ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများ ထံမှ ကနဦး သတင်းရရှိထားသည်။ "စဖြစ်တဲ့ အချိန်က ၇နာရီ ၁၅ လောက်မှာပါ။ သူတို့ဘက်က အင်အားကတော့ စစ်ကား ၁၀ စီးကျော်ပါတယ် "ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ သံလွင်ခက် - Than Lwin Khet News Credit: