
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်အခြေစိုက် ဖီးနစ် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်နေအိမ်မှာ သီးသန့်ရှိနေတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ . ဒါဟာ အာဏာသိမ်းပြီးနောက် ပထမဆုံး သတင်းမီဒီယာနဲ့ မေးမြန်းမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောကြားလာတာပါ။ မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ တွေ့မြင်ရလိမ့်မယ်လို့လည်း သူက အဲဒီမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ . လာမယ့် တနင်္လာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့အပေါ်တရားစွဲဆိုထားတဲ့ အမှုတွေ အတွက် ရုံးထုတ်ဖို့ ရှိပေမယ့် လက်ရှိ အချိန်အထိ ရှေ့နေတွေနဲ့ လူချင်းတွေ့ဆုံပြီး စကားပြောခွင့် မရသေးဘူးဟု ဘီဘီစီ မြန်မာပိုင်းသတင်းဌာနမှာဖော်ပြထားပါတယ်။ . ပြန်ဆို- ကိုချစ် ဇွဲကပင်မြေ . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #PostbyKoChit #BKK #Covid19TH Credit: