No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဖြစ်စဉ်ဖြစ်ရပ်တူသော်လည်း သဘာဝဘေးအန္တရာယ်ပုဒ်မဖြင့် အမှုဖွင့်ရာတွင် အာမခံရခြင်းမရခြင်းမှာ တရားစွဲအဖွဲ့အစည်းများအပေါ် မူတည်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးအ တွက် ဖွင့်လှစ်ခွင့်မရှိသည့် KTV တွင် နာမည် ကြီး ကားဝယ်ရောင်းတစ်ဦးဖြစ်သည့် အရည်ကြို (ခ) အောင်ဇော်ဦးအပါအဝင် ခုနစ်ဦး အား တရားစွဲဆိုရာ၌ အာမခံရရှိသည့် သဘာဝဘေးအန္တရာယ်ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် တရားစွဲဆိုခဲ့သော်လည်း မန္တလေးတိုင်း ဒေသ ကြီးတွင်မူ ဝင်ရောက်ဖမ်းဆီးခဲ့သည့် KTV ဖြစ်စဉ်တွင်မူ ပါဝင်သူအားလုံးကို အာမခံမရ သည့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားခြင်းအ ပေါ် ဝေဖန်မှုများရှိနေချိန်တွင် နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ် နော်။ မတူဘူးဆိုတာ ဘယ်လိုမတူတာလည်း ဆိုတော့ On Call နဲ့ အဲဒီမှာ နဂိုကတည်းတိုင် ရှိတဲ့ဟာ မတူဘူးတဲ့။ ကျွန်တော်သိရတာပေါ့။ On Call ဆိုတာက ရန်ကုန်မှာဖြစ်တဲ့ ကိစ္စကျ တော့ တချို့အဲဒီမှာပါတဲ့အဆိုရှင်တွေ ဘာတွေက အဲဒီမှာ မနေဘူး။ On Call ခေါ်ပြီး တော့ အဲဒီကို ရောက်လာတာ။ ဟို မန္တလေးတို့ ဘာတို့ တချို့နေရာတွေမှာ ဖမ်းဆီးတဲ့ဟာ တွေရှိတယ်။ အဲဒါကျတော့ အဲဒီနေရာမှာပဲ အကုန်လုံးထားတယ်။ ဒါကို တမင်သက်သက် ကို ရည်ရွယ်ချက်နဲ့ အဲဒီမှာထားတဲ့ဟာ။ အဲဒီ အပေါ်မှာ မူတည်ပြီးတော့ ပုဒ်မကွာတယ်လို့ ကျွန်တော်တို့ သိရတယ်။ အဲဒီ On Call နဲ့သူ့ မှာသူရှိနေတဲ့ဟာပေါ့။ ဒီအပိုင်းတော့ ကျွန် တော်တို့ မေးကြည့်တယ်။ရဲတပ်ဖွဲ့လည်း မေး ကြည့်တယ်၊ ဘာလို့ကွာနေတာလဲ။ ဒီအပိုင်း လေးတွေတော့ ရှိတယ်လို့ သိရတယ်။ အဲဒီ တော့ ပြန်ချုပ်ရရင် သက်ဆိုင်တဲ့ တရားစွဲအဖွဲ့ အစည်းပေါ့။ သက်ဆိုင်တဲ့ ဘေးစီမံဥပဒေအရ စွဲတဲ့ တရားစွဲအဖွဲ့အစည်းဆိုတာ အုပ်ချုပ် ရေးပိုင်းပေါ့။ အဲဒီ သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတွေ၊ သူတို့ရဲ့ စွဲတဲ့အပေါ်၊ အဲဒီအပေါ်မှာ ကွာခြားသွားတယ်လို့ ကျွန်တော်တို့ သိရတယ်။ ကွာရခြင်းအကြောင်းရင်းကလည်း ခုနကပြောတဲ့အခြေခံအကြောင်းရင်းတွေ ရှိ တယ်လို့ သိရတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။ ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ World Wide KTV ကို ရဲ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှ ဆိုင်မန်နေဂျာအပါအဝင် ကားဝယ်ရောင်း လုပ်ကိုင်သူ အရည်ကြိုအပါအဝင် ကိုးဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီ ၄၅ မိနစ်တွင် World Wide KTV ကို စစ် ဆေးရာ မန်နေဂျာအား တွေ့ရှိပြီး အောက် ထပ်ရှိအခန်း ရှစ်ခန်းအနက် အခန်းအမှတ် ၈ နှင့် ၉ တွင် စားသောက်လက်စ ပန်းကန်များ၊ ဖန်ခွက်များ၊ ဘီယာပုလင်းများ တွေ့ရှိရသ ဖြင့် လိုက်လံရှာဖွေရာ စားသောက်ပျော်ပါးနေ သူ ဧည့်သည်အမျိုးသားလေးဦးနှင့် ဧည့်သည် အမျိုးသမီးလေးဦး စုစုပေါင်း ရှစ်ဦးကို အပေါ် ထပ် အလုပ်သမားများနားနေသည့် အခန်း တွင် ပုန်းအောင်းနေစဉ်ရှာဖွေတွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် ဆိုင်မန်နေဂျာ (တာဝန်ခံ) ဦး အေးထွန်း (၅၂ နှစ်) ကို သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ခဲ့ပြီး အောင်ဇော်ဦး (ခ) အရည်ကြို အပါအဝင် လေးဦးနှင့် ယမင်းပါလေးဦး စုစုပေါင်း ရှစ်ဦး အား ဗဟန်းမြို့မ ရဲစခန်းက (ပ) ၁၁၅၇/ ၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုဖွင့်အရေးယူခဲ့ သည်။ သတင်းပေးတိုင်ကြားချက်အရ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ အနှိပ်ခန်းတစ်ခုကို မန္တလေးတိုင်းဒေသကြီးရဲ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ကိုဗစ်ကာလအတွင်း ဖွင့်လှစ် ခွင့်မပြု သည့်အခြေအနေတွင် ယင်းအနှိပ်ခန်း ဖွင့် လှစ်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ရက် နံနက် ၁ နာရီခန့်တွင် ၇၇ လမ်း၊ ၃၅ လမ်း နှင့် ၃၆ လမ်းကြားရှိ အဆိုပါဆိုင်ကို ရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဆိုင်မန်နေဂျာ အပါအဝင် ဝန်ထမ်းများ၊ လာရောက်သူဧည့် သည်များ အစရှိသူ ၁၉ ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ ကိုဗစ်ကာလအတွင်း KTV နှင့် အနှိပ် ခန်းများကို ဖွင့်လှစ်ခွင့်မပြုကြောင်း၊ ဖမ်းဆီးရ မိပါက အရေးယူလျက်ရှိကြောင်း၊ ယင်းအပြင် မန္တလေးတိုင်းဒေသကြီး ပြုလုပ်သည့် အလှူ တစ်ခု၌ လူမှုကွန်ရက်တွင် နာမည်ကြီးသူ တစ်ဦးဖြစ်သည့် ခြိမ့်ကေကို (ခ) ဘနားနား အား ဖိတ်ကြားကာ ဖျော်ဖြေခိုင်းမှုအတွက် တရားစွဲဆိုရာတွင် ဖိတ်ကြားသူနှင့် ဖိတ်ကြား ခံရသူနှစ်ဦးစလုံးကို အမှုဖွင့်ထားကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။ “မင်းခမ်းကျေးရွာမြစ်သားမြို့နယ် ကာယကံရှင်က ဦးဇော်မင်းထိုက်၊ သူ့သမီး မွေးနေ့ ဆိုပြီးတော့ ခုနကပြောတဲ့ ဘနားနားပေါ့။ ခြိမ့်ကေကို Stage Show လုပ်ပေးတယ်။ လုပ် တဲ့ဟာကို Live လွှင့်တယ်။ Live လွှင့် တော့ အဲဒါလူစုလူဝေးနဲ့ ခွင့်ပြုချက်မရှိဘဲလုပ် တယ် ဆိုပြီးတော့ ပုဒ်မ ၂၅၊ ၃၀(က)နဲ့ ဒီဇင် ဘာလ ၄ ရက်နေ့မှာ အမှုဖွင့်ခဲ့တာဖြစ်တယ်။ အဲဒီ တော့ နှစ်ယောက်လုံးက ထွက်ပြေးတိမ်းရှောင် နေတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ကျမှ ခြိမ့်ကေ ကို ဘနားနားကလာပြီးတော့ အဖမ်းခံတယ်။ ဦးဇော်မင်းထိုက်ကတော့ လက်ရှိအချိန်မှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရတယ်။ အဲဒီအတွက်လည်း ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးနေတယ်လို့ သိရတယ်။ ဒီဟာတွေက ဘေးစီမံတော့ ဘေးစီမံပဲ။ ဥပဒေက တစ်ခု တည်းပဲ။ တချို့ကျတော့ မတူဘူးပေါ့” ဟု ဦးဇော်ဌေးကဆက်လက်ပြောကြားသည်။ ယင်းသို့ ကွဲလွဲခြင်းများရှိနေခြင်းအပေါ် အတတ်နိုင်ဆုံးတူအောင် ဆောင်ရွက်မည်ဟု ဦးဇော်ဌေးက ပြောကြားခဲ့သော်လည်း မည် သို့ဆောင်ရွက်မည်ဆိုသည်ကို သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိ ပေ။ “အထူးသဖြင့်ကတော့ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန။ အဲဒီကနေပြီးတော့ သက် ဆိုင်တဲ့ဒေသတွေပေါ့။ ဒါမျိုးကျတော့ တရား ဥပဒေအရ Interpreted လုပ်တဲ့အခါမှာ မတူဘူး။ တရားစွဲအဖွဲ့အစည်းကလည်း မတူဘူး ပေါ့။ ဒါပေမဲ့ အစိုးရဌာနဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးတူအောင်ပေါ့။ ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောကြားသည်။ ယင်းသို့ဖြစ်စဉ်များတူသော်လည်း အမှုဖွင့်ထားသည့်ပုဒ်မမတူညီခြင်းအပေါ် ပြန်လည်စဉ်းစားသုံးသပ်သင့်ကြောင်း၊ တစ်ပြေးညီဖြစ်စေရန် အမိန့်တစ်ရပ်ထုတ်ပြန်ရမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။ “အမိန့်ထုတ်ဖို့ဆိုရင် ကျန်းမာရေးဝန် ကြီးဌာနပေါ့။ နောက်တစ်ခုက ကိုဗစ်ထိန်းချုပ် ရေးဗဟိုကော်မတီပေါ့။ နောက်တစ်ခုက ရှေ့ နေချုပ်ရုံးပေါ့။ ဘာကြောင့်ဆို နိုင်လွတ်လုံ တုန်းက ဥပဒေကို မပြင်ဆင်သေးခင်မှာ ပုဂ္ဂ လိကတွေကို စွဲခွင့်မပြုဘူးဆိုတာ ရှေ့နေချုပ်ရုံးက တရားဝင်ထုတ်ခဲ့တယ်။ အခုလည်း ဒီလို ဖြစ်စဉ်တူတယ်။ အမှုဖွင့် ပုဒ်မတပ်ခံရတာ မတူတာကိုလည်း စာထုတ်လို့ရတယ်။ အဲဒီလိုထုတ်မှပဲ တည့်မတ်ပြင်ဆင်သွားလိမ့်မယ်။ နို့မို့ဆို ဒီအတိုင်းပဲ ဖြစ်နေဦးမှာပဲ” ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။ သဘာဝဘေးအန္တရာယ်ပုဒ်မတွင် ပုဒ်မ ၂၅ အရပြစ်မှုထင်ရှားပါက သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ်လည်းချမှတ်နိုင်ပြီး ပုဒ်မ ၃၀ အရ ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည် ဟု သတ်မှတ်ထားသည်။