No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရဲစခန်းများ အတိုက်ခံနေရသဖြင့် ပြည်ထဲရေးဝန်ကြီး လွိုင်ကော်သို့ ရောက်နေ ဧရာဝတီ၊ မေ ၂၅၊ ၂၀၂၁ အာဏာသိမ်းစစ်ကောင်စီ၏ လုံခြုံရေး ယန္တရားများဖြစ်သည့် ရဲစခန်းများ တိုက်ခိုက်ခံနေရသဖြင့် စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။ "သူ(ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်)လွိုင်ကော် ရောက်နေတာ ဟုတ်တယ်။ ရဲစခန်းတွေ အတိုက်ခံရတာ သူ့မှာ တာဝန်ရှိတာကိုး။ ရခိုင်မှာ ရဲကင်းစခန်းတွေ အတိုက်ခံရတုန်းကလည်း ဦးကျော်ဆွေ သွားတယ်လေ။ ဒါက ပုံမှန်ပါ"ဟု သတင်းရင်းမြစ်တဦးက ပြောသည်။ လွိုင်ကော်မြို့ အနီးရှိ ဒီမော့ဆို၊ မိုးဗြဲရှိ မြို့မ ရဲစခန်းများ ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ခိုက် ခံခဲ့ရပြီး ရဲများ အကျအဆုံး များခဲ့သည်။ ယင်းနေရာများအထိ ပြည်ထဲရေးဝန်ကြီး သွားရောက်ရန် ရှိ၊ မရှိ အသေးစိတ် မသိရသေးပေ။ လက်ရှိ လွိုင်ကော်မြို့ လမ်းမများပေါ်တွင်လည်း လူသူကင်းမဲ့လျက်ရှိပြီး မည်သူမျှ အပြင်မထွက်ရဲသလို တချို့ မှာလည်း နီးစပ်ရာ ရွာများဆီသို့ တိမ်းရှောင်သွားကြပြီ ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းကလည်း မြို့ပေါ် ရပ်ကွက်ထဲအထိ လက်နက်ကြီးများ ကျရောက်လာသဖြင့် မြို့အထိနာမည်ကို စိုးရိမ်၍ PDF တပ်ဖွဲ့များမှာ မြို့ပေါ်မှာ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ #WhatsHappeningInMyanmar ------------------------- Credit: