
ဓနုဖြူမြို့နယ်တွင် စာသင်ကျောင်းများ ပြန်ဖွင့်ရန် လိုက်လံစစ်ဆေး DVB ဧရာ၀တီတိုင်း မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှာ Non CDM ပညာရေးဝန်ထမ်းအနည်းစုနဲ့ ကျောင်းတွေကို လိုက်လံစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့အတွက် စစ်ဆေးရေးအဖွဲ့နဲ့အတူ မူလွန်၊ အလယ်တန်း၊ အ.ထ.က ခွဲ ကျောင်းတွေကို လိုက်လံစစ်ဆေးရင်း စားစရိတ်အတွက်ဆိုပြီး တစ်ကျောင်းကို ငွေနှစ်သောင်းစီ တောင်းခံနေတယ်လို့ သိရပါတယ်။ “သူတို့က ကျောင်းစစ်ဆေးရေးလုပ်လာတယ်ဆိုတာ ကျောင်းဖွင့်ဖို့ အမှန်အကန်ပုံစံ လုပ်လာတာ၊ ဒါဟာ ကျနော်တို့ CDM သမားတွေကို ဖိအားပေးနေတာလို့လည်း မြင်တယ်၊ ပြီးတော့ ဒီမြို့မှာ CDM သမားတွေကို ဖမ်းပြီဆိုပြီး တကျောင်းချင်းအလိုက်ကော ကျေးရွာအလိုက်ကော ခြိမ်းခြောက်နေတယ်” http://burmese.dvb.no/archives/465439 #DVB #news #ဓနုဖြူ #NonCDMပညာရေးဝန်ထမ်း #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #NoFlyZoneInMyanmar #ReleaseTheDetainees #CrimesAgainstHumanity #HumansAreNotShields #GlobalArmsEmbargo Credit: