No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကမ္မမြို့တွင် စျေးပိတ်သပိတ်၊ အိမ်တွင်းသပိတ်နဲ့ ဆိုင်ကယ်သပိတ်ပြုလုပ် DVB မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ကမ္မမြို့မှာ မေလ ၂၄ ရက်နေ့ က စစ်အာဏာရှင်ပြုတ်ကျရေး စျေးပိတ်/ဆိုင်ပိတ်သပိတ်၊ အိမ်တွင်းသပိတ် နဲ့ ဆိုင်ကယ်သပိတ်တွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ် တွန်းလှန်ဖို့ ကမ္မမြို့ရဲ့ စျေးပိတ်/ဆိုင်ပိတ် တိတ်ဆိတ်ခြင်းနဲ့အိမ်တွင်းသပိတ်များ ပြုလုပ်ပြီးတော့ အကြမ်းဖက် စစ်ကောင်စီရဲ့အဖွဲ့တွေ စာသင်ကျောင်းများအား လှည့်ပတ်စစ်ဆေးပြီးချိန် ဆိုင်ကယ်သပိတ်များပြုလုပ်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ ကမ္မမြို့ အထကမှာတော့ ကျောင်းလာရောက်အပ်နှံတဲ့သူ တစ်ယောက်မှမရှိဘဲ ကျောင်းတံခါးပိတ်ထားတာတွေရပြီးတော့ စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်း နည်းမျိုးစုံနဲ့ ဆန္ဒပြနေကြတယ်လို့ဆိုပါတယ်။ #DVB #News #Photo Credit: