အာဏာသိမ်းစစ်အုပ်စု ပြည်ထဲရေးဝန်ကြီး လွိုင်ကော်သို့ ရောက်ရှိနေ လွိုင်ကော် - ၂၀၂၁ မေ ၂၅ (မော်ကွန်း) အာဏာသိမ်းစစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် မနေ့က လွိုင်ကော်မြို့သို့ ရောက်ရှိနေကြောင်း နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မော်ကွန်းကို သတင်းပေးပို့ထားသည်။ ကရင်နီပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲတို့ရှိ အာဏာသိမ်းစစ်အုပ်စု၏ ရဲစခန်းများ၊ အစိုးရယန္တရားလည်ပတ်အောင်ကြိုးစားနေသည့် ဌာနလက်ကျန်များအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်အုပ်စုပြည်ထဲရေးဝန်ကြီးက လွိုင်ကော်မြို့သို့ ရောက်ရှိလာခဲ့သည်။ မနေ့က မွန်းလွဲ ၃ နာရီခန့်က နေပြည်တော်လေဆိပ်မှ လွိုင်ကော်သို့ ပြည်ထဲရေးဝန်ကြီး ထွက်ခွာသွားကြောင်းသတင်းရရှိသည်။ ဒေသအခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ စစ်အုပ်စုဘက်က ပြန်လည် ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများဖြင့် ဘုရားကျောင်းအားပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူ လေးဦးသေဆုံးခဲ့ရပြီး စစ်ရှောင်ပြည်သူများ တဖြည်းဖြည်းများပြားလာပြီဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း အစိုးရဌာနရုံးအချို့ကို မီးရှို့ပစ်ကြသည်။ စစ်အုပ်စုဘက်မှ တင့်ကားများဖြင့် အင်အားဖြည့်တင်းကာ တိုက်ခိုက်နေပြီး ယခုအချိန်အထိ ဒီမော့ဆိုမြို့တွင် နှစ်ဘက်တိုက်ပွဲများပြင်းထန်နေကြောင်း ဖော်ပြထားကြသည်။ Credit:
