No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကောင်စီရေတပ်က တရားမဝင်ငါးဖမ်းရေယာဉ်များထံမှ ငွေတောင်းပြီး ငါးဖမ်းခွင့်ပေးနေ DVB ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရေတပ်က တရားမဝင်ငါးဖမ်းရေယာဉ်တွေထံကနေ ငွေကြေးတောင်းယူပြီး ငါးဖမ်းခွင့်ပေးနေတယ်လို့ ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။ ဘိုကလေးမြို့နယ်အတွင်းက ကဒုံကနိကျေးရွာနဲ့ အေရာကျေးရွာတွေမှာရှိတဲ့ တရားဝင်လိုင်စင်နဲ့ ငါးဖမ်းရေယာဉ်တွေကို လုပ်ငန်းရပ်နားခိုင်းထားပြီး တရားမဝင်လိုင်စင်မဲ့ ငါးဖမ်းရေယာဉ်တွေကို ငွေကြေးတောင်းယူပြီး ငါးဖမ်းခွင့်ပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။ #DVB #News http://burmese.dvb.no/archives/471599 Credit: