No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထူထောင်ထားတာဟာ ပြည်သူတွေအတွက်ဖြစ်လို့ ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မေလ ၂၄ ရက်မှာ သတင်းစကားပါးလိုက်ပါတယ်။ နေပြည်တော်မှာပြုလုပ်တဲ့ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ဆုံချိန် အခုလို သတင်းစကားပါးလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောလိုက်တာပါ။ စစ်ကောင်စီက ခန့်အပ်တဲ့ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ကော်မရှင်နဲ့ ပါတီပေါင်း ၆၀ ကျော်တွေ့ဆုံပွဲမှာ NLD ပါတီကို ဖျက်သိမ်းဖို့အထိ ပြောခဲ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစကား ထွက်ပေါ်လာတာပါ။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57072578 Credit: