
စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ၊ ကရားရွာမှာ စစ်ကျွန်ပညာရေးအလိုမရှိ ဆန္ဒပြပွဲကို ဒီနေ့ မေ ၂၆ ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။ မေ ၂၄ ရက်ကစပြီး စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို ကျောင်းအပ်နှံရေး စတင်နေပြီဖြစ်ပြီလည်းဖြစ်ပြီး ဇွန် ၁ ရက်မှာ ကျောင်းတွေစဖွင့်ဖို့ ပြင်ဆင်နေပါတယ်။ ဘယ်လိုအချက်တွေကိုရည်ညွှန်းပြီး စစ်ကျွန်ပညာရေးလို့ စွပ်စွဲတာလဲ လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေ ၁၅ ရက်သတင်းစာရှင်းလင်းပွဲမှာမေးခွန်း ထုတ်ထားပြီး အချက်အလက်နဲ့ ထောက်ပြပြောစေချင်တယ်လို့လည်း ဆိုပါတယ်။ ဓာတ်ပုံ-ပေးပို့ Credit: