
"မုံရွာတွင်ဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရန် ရဲကားများကိုပြည်သူထောင်နှင့်ချီ ပိတ်ဆို့တောင်းဆို" မုံရွာမြို့၊အေးသာယာရပ်ကွက်၊ပြသာဒ်ကျောင်းတွင် ဆန္ဒပြ ကျောင်းသား၊ဆရာဆရာမ၊အင်ဂျင်နီယာများနှင့်ပြည်သူ ၃၀ခန့်အားလုံခြုံရေးတပ်ဖွဲ့ဝင် ငါးရာခန့်က ယနေ့နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးခဲ့သဖြင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ လမ်းအားလုံးအား ပိတ်ဆို့တားဆီးထားပြီးဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရန်တောင်းဆိုသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသူများကို အပြင်သို့ခေါ်မထွက်နိုင်စေရန် ပိတ်ဆို့ထားသော လူထုအား လူစုခွဲရန် ရာဘာကျည်သေနတ်ပစ်ဖောက်ခြင်း၊ မိးခိုးဗုံးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သော်လည်း ဆန္ဒပြသူများအား ဖမ်းဆီးထားသူများကို ပြန်လွှတ်ရန် ထောင်နှင်ချီသော လူထုက ဆက်လက်တောင်းဆိုနေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် မုံရွာဂေဇက်ဂျာနယ် CEO ဦးကျော်ကျော်ဝင်းနှင့် ဆန္ဒပြသူ ၄၀ခန့်အားရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရန် တောင်းဆိုသည့် လူထုအား ရိုက်နှက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့၍ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိပြီး ပြသာဒ်ကျောင်းအတွင်းတွင်လည်း ဆန္ဒပြအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိနေကြောင်း ဒေသခံများကပြောသည်။ Credit: