
- မန္တလေးမြို့က မစိုးရိမ်တိုက်သစ်မှာ ညပရိတ်ရွတ်သံဃာတော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆဲဆို၊ဖြိုခွင်း၊ပစ်ခတ်တာတွေ မလုပ်ခဲ့ဘူးဆိုတဲ့ စစ်ကောင်စီထုတ်သတင်းစာတွေမှာဖော်ပြချက်ဟာ ဖြစ်ရပ်အမှန်နဲ့ လွဲချော်နေတယ်ဆိုပြီး တိုက်နာယကအဖွဲ့က ဒီနေ့ ဇွန်လ ၇ ရက်မှာ စာထုတ်ကန့်ကွက်လာပါတယ်။ - ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖလား ဘောလုံးပြိုင်ပွဲကို မနေ့ ဇွန်လ ၆ ရက်က ကျင်းပခဲ့ပြီး ပြည်တွင်းကို အကူအညီပေးနိုင်ဖို့ ဂျပန်ရောက်မြန်မာတွေက ရန်ပုံငွေ ရှာဖွေခဲ့ကြပါတယ်။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648 Credit: